ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ Herbal Soap ပြုလုပ်ခြင်း သင်တန်းနှင့် နည်းပညာလွှဲပြောင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ရက်(၁၀၀)စီမံချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Herbal Soap ပြုလုပ်ခြင်းသင်တန်းနှင့် နည်းပညာလွှဲပြောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။