ဝမ်းတွင်း ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ သမဝါယမအသင်းသားများ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများအား တာဝန်ရှိသူများက ယမန်နေ့က အင်းခမ်းကြီးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် တာဝန်ရှိသူများက အင်းခမ်းကြီးကျေးရွာ၊ အင်းကန်းကြီးလယ်ယာနှင့် အထွေထွေသမဝါယမအသင်းသားများ စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ၎င်းအင်းကန်းကြီးလယ်ယာနှင့် အထွေထွေသမဝါယမအသင်းများ စိုက်ပျိုးထားသော နွေစပါးစိုက်ခင်း ဧက ၃၀၀ ရှိပြီး တစ်ဧကလျှင် နွေစပါးတင်း ၈၀ မှ ၁၀၀ ကြား ထွက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)