မန္တလေးတိုင်းဒေသကြီး

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၌ အကျဉ်းသားအကျဉ်းသူ ခုနစ်ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀.၄.၂၀၂၆ ရက်စွဲပါ၊ အမိန့်အမှတ် (၅၁/၂၀၂၆)ဖြင့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း‌ အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် အချုပ်ထောင်/အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူများအား လွတ်ငြိမ်းသက်သာခွင့် ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့၌ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တ​လေးတိုင်း​ဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့၌ မြန်မာ့ စီးပွား​ရေးဘဏ်ခွဲ(မိုးကုတ်) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ တတိယပတ် နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ​ဈေး​ဟောင်းရပ်ရှိ ကုတင်(၁၀၀)ဆံ ပြည်သူ့​​ဆေးရုံကြီးဝန်းအတွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။

သပိတ်ကျင်းမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် နယ်မြေဒေသအခြေအနေကြောင့် ယာယီပိတ်သိမ်းခဲ့သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယခုအခါဒေသအတွင်း တည်ငြိမ်လာပြီဖြစ်သဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ဧပြီလ တတိယပတ် နံနက် ၉ နာရီမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မျိုးဆက်သစ်လူငယ်များ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ လက်ရွေးစင်ကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလတစ်ရက်နေ့ နံနက်ပိုင်းက ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် မန္တလေးမြို့အနှံ့ ဗောဒိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားများပြား

ကဆုန်လပြည့်(ဗုဒ္ဓ)နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကုသိုလ်ပြုခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ်(၅) အဆန်/ အမှတ်(၆) အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ်(၅) အဆန်/ အမှတ်(၆) အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မန္တလေးဘူတာကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော်အရှေ့ရပ်ကွက်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းစစ်ဆေးကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံလျှက်မှော် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ၏ ဆန္ဒသဘောထားများအား လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်ခတ်မှုတို့ကြောင့် ထိခိုက်သေဆုံး/ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ (၂၈.၄.၂၀၂၆)ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခတ်ခြင်းများကြောင့် ထိခိုက်သေဆုံး/ပျက်စီးခဲ့ကြသည့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေ‌ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်ပွဲကို ဧပြီ ၂၈ ရက်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်း အနားကို ဧပြီ ၂၈ ရက်နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး