မဟာအောင်မြေ ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံလျှက်မှော် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ၏ ဆန္ဒသဘောထားများအား လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် သံလျှက်မှော်အရှေ့ရပ်ကွက်အတွင်းရှိ ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် လမ်းဘေးဝဲ/ယာရေနူတ်မြောင်းများ၊ လမ်းလယ်မြောင်းဖုံးများ၊ တံတားထိန်းနံရံများနှင်အကွက်( ၄၂၂)၊ လန်ဒန်ဝန်းရပ်ရှိ သင်္ဂဟရက္ခိတဓမ္မဗိမာန်တော်ကြီးနှင့် လမ်းမြေနှင့်မလွတ်သည့် ဓာတ်တိုင်များအား လိုက်လံကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ရန်အတွက် ရပ်ကွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ကြပြီး မိမိတို့မဟာအောင်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အလုပ်သမားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အောင်ဇော်မင်း