ရှမ်းပြည်နယ်

ပုံပါကျင်မြို့ အခြေခံပညာမူလတန်းကျောင်း(ဟွေအော)၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၄ ရက်နံနက်က အမက(ဟွေအော)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မြို့မကျောင်းများသို့ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့်  KGကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

အမှတ်(၂)ရပ်ကွက် အ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ရေးနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်

တပ်မတော်က ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံ ပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင်သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်းပါဝင်ရေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မဲဆန္ဒရှင်အမည်စာရင်းပါရှိရေးဆောင်ရွက်ရမည့် နည်းဥပဒေများအား  ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်ရှိ မန်ပုံကျေးရွာအုပ်စုနှင့် မန်ဖျက်ကျေးရွာများရှိမဲရုံများတွင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အသိပညာပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် မန်ပုံကျေးရွာအုပ်စုနှင့် မန်ဖျက်ကျေးရွာများရှိမဲရုံများတွင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အသိပညာပေးပွဲကို ယမန်နေ့နံနက်(၉) နာရီစ၍ မန်ပုံကျေးရွာအုပ်စု၊ အ.လ.က (ခွဲ)မန်ပုံ မဲရုံအမှတ်(၁) မဲပေးခြင်းသရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်တလုံးကြီးမြို့ အ.မ.က ထီထပ်ကျောင်းတွင် လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက အခြေခံပညာမူလတန်းကျောင်း ထီထပ်တွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့ အသိပေးပိုစတာစိုက်ထူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ အသိပေးပိုစတာကို အောက်တိုဘာ ၁၁ ရက်နေ့  နေ့လယ်ပိုင်းမှစ၍ ဖယ်ခုံမြို့ ပြည်ထောင်စုလမ်းမအဝိုင်းပတ် ဘေးနေရာ၌ပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရေးအတွက် စိုက်ထူထားကြောင်း သိရသည်။  
Subscribe to ရှမ်းပြည်နယ်