နမ့်စန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့မေးခိုင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက် (၅) နှစ်မှ (၇) နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး(DT) နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့ဦး) ပညာရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။