မိုင်းခတ်မြို့နယ်၌ အကြိမ်(၄၀)မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အကြိမ်(၄၀)မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်အလှည့်ကျကျောင်းဖြစ်သော အမှတ်(၂)ရပ်ကွက် နောင်မိုပရိယတ္တိကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။