ရှမ်းပြည်နယ်

လွိုင်လင်ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ပါဝင်ခဲ့ကြသူများ၏ ရင်တွင်းစကားသံများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က လွိုင်လင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ အဆိုပါ ပွဲတော်သို့ လာရောက်ပါဝင်ခဲ့ကြသူများ၏ စကားသံများကို ဤသို့ကြားသိရပါသည် -

လားရှိုးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးနဲမြို့နယ်၌  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းပုလဲဆောင်ခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင် လွိုင်လင်မြို့ အမှတ်(၂) အခြေခံပညာကျောင်းတွင် ကျင်းပ လျက်ရှိသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ ညနေ ၃ နာရီက အဆိုပါကျောင်း သံလွင်ဆောင်၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို နိုဝင်ဘာ ၁၁ ရက်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)တွင်ကျင်းပသည်။

မိုင်းပျဉ်းမြို့၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာအမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိန်းဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့လယ်ဓမ္မာရုံတို့၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့၌(၂၀)ကြိမ်မြောက်ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင်ကလောမြို့တွင် (၂၀)ကြိမ်မြောက်မြို့လုံးကျွတ် မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲဆုချီးမြှင့်ခြင်းနှင့်ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံမီးရှော်တိုင်ကွင်း၌ ကျင်းပသည်။

ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ကွင်းဆင်းတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ကွင်းဆင်း တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင်မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး စိစစ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးစိစစ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကော်မရှင်ရုံးအစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်