ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ကျိုက်လတ် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက Wilmar Myanmar Riceland Kyaiklat Limited  ပေါင်းဆန်စက်ရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ရာ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံမှ ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်