ရှမ်းပြည်နယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်( တောင်ပိုင်း )တာဝန်ခံ ဦးခင်မောင်ဦး သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံးခန်းမ၌ MEVM စက်များ ထိန်းသိမ်းထားရှိမှု နှင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM စက်များ စမ်းသပ်စစ်ဆေးနေမှုများအား နိုဝင်ဘာ  ၂၄ ရက် က ကြည့်ရှု စစ်ဆေးသည်။

အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ရှမ်းပြည်နယ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများဖွံ့ဖြိုးတိုးတက်ရေး နယ်မြေကွင်းဆင်းခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ နိုဝင်ဘာ ၂၂ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ နယ်မြေကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၁၀၇၆) ယခုလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်းသွားမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း (၁၁၀၇၆) ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရှူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်(၁၀)နာရီက စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓအဘိသေကအနေကဇာတင်လှူခြင်း၊ မဟာဗောဓိပင်စိုက်ပျိုးခြင်းနှင့် ဗောဓိညောင်ရေသွန်းလောင်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ကျင်းပသည်။

လဲချားမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုအပေါ် လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှုမှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် နိုဝင်ဘာ ၂၃ ရက်က မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်