နောင်ချိုမြို့နယ်၌ နွေရာသီ(အခမဲ့) အခြေခံခဲပန်းချီသင်တန်းဆက်လက်သင်ကြား

နောင်ချို        မတ်    ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီ(အခမဲ့) အခြေခံခဲပန်းချီ သင်တန်းကို ယနေ့ ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိသည်။

 ထိုသို့ ပိုချသင်ကြားပေးလျက်ရှိရာ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ပေးသော မြို့နယ်ဥပ‌ဒေအရာရှိ ဦးဝင်းဘိုက သင်တန်း စတုတ္ထအပတ် ပထမနေ့တွင် Shape+Form+Tone စသည့် အကြောင်းအရာများနှင့်သက်ဆိုင်သော သင်ခန်းစာများအား စနစ်တကျ ဆက်လက်သင်ကြားပို့ချ ပေးလျက်ရှိသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလကို ၂၁-၂-၂၀၂၆မှ ၂၉-၃-၂၀၂၆ထိ အပတ်စဉ် စနေနေ့၊ တနင်္ဂနွေနေ့များ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်