လားရှိုး မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်သို့ သုတရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို မတ် ၂၀ ရက် နံနက်ပိုင်းက အဆိုပါရုံးရှိ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၈ တွင် နေထိုင်သည့် ဒေါ်စောမို့မို့ဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူများ သုတရသ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ထားရှိအသုံးပြုနိုင်ရန်အတွက် သုတရသ စာအုပ် စုစုပေါင်း ၅၇ အုပ်အား ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်သန်းနွဲ့ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)