မိုင်းနောင်မြို့ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်

မိုင်းနောင် မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ကျောင်းသူများအားလုံး အချိန်မီ အပ်နှံနိုင်ရေးကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘဆရာအသင်းများနှင့် ညှိနှိုင်းကာ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံရာ၌ အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ အသက်(၆)နှစ်အရွယ်ကလေးများကို(Grade-1)သို့ လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး မေလ(၂၂)ရက်နေ့မှစတင်၍ (KG)တန်းမှ(Grade-12) တန်း အထိ(အခမဲ့)စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)