ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်တို့အတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်စောက်-ပင်းတယ သွားလမ်းတောင်ဘက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး၊ အင်းခေါင်းကန်၊ ရေဝေရေလဲ ဧရိယာအတွင်း၌ ကျင်းပသည်။