လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် အသိပညာပေးဟောပြောပွဲကို ယနေ့နံ​နက် ၁ ၀နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးကအမှာစကားပြောကြားခဲ့ပြီ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေး‌က ကျောင်းသား၊​ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက်ရည်ရွယ်၍ အခြေခံပညာကျောင်းများကိုအလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း​ပြောကြားပြီး မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးများ၊ လူကုန်ကူးခံရမှုအန္တရာယ်များပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)