ရပ်စောက် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်တို့အတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်စောက်-ပင်းတယ သွားလမ်းတောင်ဘက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး၊ အင်းခေါင်းကန်၊ ရေဝေရေလဲ ဧရိယာအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးမည့်သစ်ပင်များအား ဗထူးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် ဗထူးတပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာများအလိုက် ပိတောက်၊ မျောက်ငို၊ ခါတော်မီ၊ ထင်းရှူး၊ ယမနေ၊ စိန်ပန်းနီ၊ မဟော်ဂနီ စသည့် သစ်အမျိုးအစား(၆)မျိုး အပင်စုစုပေါင်း(၁၆၀၈)ပင်ကို စိုက်ပျိုးကြသည်။
ထိုသို့ သစ်ပင်စိုက်ပျိုးနေမှုများအား ဗထူးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)