ရှမ်းပြည်နယ်

မိုင်းယုမြို့၌ အ.ထ.က(ကျောင်း)မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။

နမ့်စန်မြို့တွင် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အ.ထ.က၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဖလား အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို‌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် အားကစားကွင်း၌ ကျင်းပရာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကလောမြို့နယ်၊ဟဲဟိုးမြို့၌ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) ဖြင့် ဆောက်လုပ်ခဲ့သည့် ဟဲဟိုးမြို့ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၊ဟဲဟိုးမြို့၌ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) ဖြင့် ဆောက်လုပ်ခဲ့သည့် ဟဲဟိုးမြို့ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မိုင်းသောက်အနောက်တောင်ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ကြောင်း သိရသည်။

ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ ပုလဲသီတာစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)ဖြင့် ဆောက်လုပ်ခဲ့သည့် ဟဲဟိုးမြို့ ပုလဲသီတာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟဲဟိုးမြို့အုပ်ချုပ်‌ရေးမှူးနှင့် မြို့မိ၊ မြို့ဖနှင့် စာကြည့်တိုက်ကော်မတီအဖွဲ့များ တက်‌ရောက်ခဲ့ကြသည်။

မိုင်းရှူးမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်နေ တောင်သူဦးကြီးများ၏ ယာခင်းများ၌ ယခုကာလတွင် ရောင်းအားကောင်းနေသော ခရမ်းချဉ်များကို တစ်ပိုင်တစ်နိုင် ထပ်မံစိုက်ပျိုးထားကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်