မိုင်းယုမြို့၌ အ.ထ.က(ကျောင်း)မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မိုင်းယု ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ“နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြ၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ပညာရေးမိသားစုများမှ စုပေါင်းဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးနှင့်သံဃာတော် အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်နာယူ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်