နမ့်စန်မြို့တွင် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်() ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအမျိုးသားပွဲစဉ်အဖြစ် အ.ထ.က-ခွဲ(၅ရပ်ကွက်) ဘောလုံးအသင်းနှင့် အ.ထ.က(ခိုလမ်) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(ခိုလမ်)ဘောလုံးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)