ရှမ်းပြည်နယ်

ဆီဆိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် လွတ်လပ်ရေးနေ့ကို မမေ့ဘဲ အမြဲသတိရ အောက်မေ့နေစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းတုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အဖွဲ့က ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်သို့ ၂၀၂၅ ခုနှစ်၊ ယမန်နေ့ ညနေ ၅ အချိန် ၄၅ မိနစ်အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် အဖွဲ့သည် ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ သက်ငယ်မဒိမ်းမှု မဖြစ်ပေါ်စေရေး‌ ရှောင်ရန်အချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ငယ်မဒိမ်းမှုများ မဖြစ်ပေါ်စေရေး ရှောင်ရန်အချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နားခါးအခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်း စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသည်ယာဉ်ကြီးဂိတ် (၄)ခန်းနှင့် ခရီးသည်ယာဉ်ငယ်ဂိတ် (၄၀)ခန်းပါ သံကူးကွန်ကရစ် ၂ ထပ် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစနစ် (Door to Door) မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် စပ်မျိုးနေကြာမျိုးစေ့ ထုတ်နည်းပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ၁၀ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်သည် ယမန်နေ့က ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာမှ စပ်မျိုးနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေသော တောင်သူ ဦးကျော်တင့်၏ စိုက်ကွက်တွင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများအား တောင်သူများကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ မြေဩဇာ စနစ်တကျ အချိုးညီအချိန်ကိုက်ကျွေးခြင်း အပင်သားခွဲခြင်း မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းများအား ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိသည်။

ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိတို့ မဲစာရင်းများ ပါ၊ မပါသိရှိနိုင်ရန် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တာချီလိတ်ခရိုင်အတွင်း လမ်း၊ တံတားကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း လမ်း၊ တံတားကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုး၊ ဆီးချိုရောဂါအကြောင်း ဆွေးနွေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုး၊ ဆီးချိုရောဂါအကြောင်း ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်