ရှမ်းပြည်နယ်

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ဌားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်သည်။

တာချီလိတ်မြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဖန်မင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)မယ်ဟုတ်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကျောက်မဲခရိုင်နှင့် မြို့နယ်တရားရုံး ဝန်ထမ်းမိသားစု သားသမီးများအား ပညာသင်စရိတ် ပေးအပ်

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် တရားရုံး၌ ဝန်ထမ်းမိသားစု သားသမီးများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါခရိုင်တရားရုံး၌ ကျင်းပသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (ခန်းမ) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ပတ္တမြားခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာစေတီတော်ကြီး၏ (၃၃) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ကြီး၏ (၄၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၅)ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက် ရွှေဟင်္သာစေတီတော်ကြီး၏ (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းသိမ်းအောင်ပွဲနှင့် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝီရိယ၏ (၄၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် မိုးသည်းထံစွာရွာသွန်းမှုကြောင့် ရေလည်ကျောင်းတိုက်ရှိ အုတ်တတိုင်းပြိုကျမှုအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းရှင်းလင်းပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့ နံနက ၄ နာရီ အချိန်ခန့်က မိုးသည်းထံစွာရွာသွန်းခဲ့မှုကြောင့် အမှတ်(၅)ရပ်ကွက်ရှိ ရေလည်ဘုန်းတော်ကြီးကျောင်း၏ အုတ်တတိုင်း ခြံစည်းရိုး ပေ (၈၀)ခန့် ပြိုကျခဲ့မှုအား ရေစီးရေလာပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် နံနက် ၈ နာရီခွဲက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၌ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကွန်ဟိန်းမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ မြို့နယ်‌လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

မိုးနဲမြို့ ဝမ်ဟေကျေးရွာအုပ်စုရှိ ကျေးရွာများအား မိုးသီးနှံ နေကြာနှင့်ပဲပုပ်မျိုးစေ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စုရှိ တောင်သူများအား မိုးသီးနှံ နေကြာ၊ ပဲပုပ်မျိုးစေ့များပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာအုပ်စုရှိ နမ့်ဟူးပစ်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မုန်ညှင်းချဉ်ပြုလုပ်ရာတွင်လိုအပ်သော မုန်ညှင်းပင်များ ထပ်မံစိုက်ပျိုးလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မုန်ညှင်းစိမ်းပင်များကို မုန်ညှင်းချဉ်များပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ထပ်မံစိုက်ပျိုးလာကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်