ရှမ်းပြည်နယ်

တန့်ယန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အမှတ်(၁၀) ရပ်ကွက်၌ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်း၍ အသိပညာပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁၀) ရပ်ကွက်ရုံး၌ ကျင်းပဆောင်ရွက်သည်။

မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိ‌သော မြစိမ်းရောင်ကျေးရွာစီမံကိန်း မွေးမြူရေးလုပ်ငန်းဖြစ်သည့် နွားမွေးမြူရေး လုပ်ငန်းအခြေအနေကို ယနေ့နံနက်ပိုင်းက‌ နောင်လုံးကျေးရွာအုပ်စု၊ ဝမ်ပီဝမ်မိုင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းခန်းမ၌ ကျင်းပသည်။

ရက်စောက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပိစောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်း အဆို၊ အကပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း အဆို၊ အက၊ အတီးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်၌ သီးထပ်စိုက်ပျိုးထားသော ‌ပဲပုပ်စိုက်ခင်းများ မကြာမီရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံတောင်သူအများအပြားသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိပြီး ယခုမိုးရာသီကာလတွင် သီးထပ်စိုက်ပျိုးထားကြသော ပဲပုပ်စိုက်ခင်းများ ရိတ်သိမ်းချိန်ရောက်ရှိနေပြီဖြစ်သောကြောင့် မကြာမီရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့၌ မြို့နယ်အဆင့် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနခန်းမတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသ‌ရေးဦးစီးဌာနမှူး‌ ဒေါက်တာဇင်မီဟန်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း အတွင်း‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ နို့တိုက်မိခင်နှင့်ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်