ရှမ်းပြည်နယ်

ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းသည် ရွှေညောင်မြို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ကုန်းလှိုင်သာသနောဒယပရိယတ္တိစာသင်တိုက်၊ ဇေယျသီရိဓမ္မာရုံ၌တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။

တပ်နယ်(လင်းခေး)၌ ၂၀၂၅ ခုနှစ်(တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ တပ်နယ်(လင်းခေး)၏ ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် မဲမေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅၅ ဦးအား အ.ထ.က-၂၊ သံလွင်ခန်းမတွင် ဖွင့်လှစ်သင်ကြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံး(မူကြို)ခန်းမတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများသို့ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှစီစဉ်ကျင်းပသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာအုပ်စု၊ ဝမ်ဟွေကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း‌ ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ လက်တွေ့စမ်းသပ်မဲပေးခြင်းအသိပညာပေး စဉ်ဆက်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများမဲပေးရာတွင် အခက်အခဲမရှိစေရေး၊ လွယ်ကူစွာမဲပေးနိုင်ရေးအတွက်ရည်ရွယ်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နမ့်လောက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 

မိုင်းရယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်းလက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ပြုလုပ်သည်။

မိုင်းယောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဟိုရမ်းကျေးရွာနှင့် ဝမ်ဘန်းကျေးရွာတို့၌ ယနေ့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်သည်။
Subscribe to ရှမ်းပြည်နယ်