ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ဂနိုင်ကန်သာယာနှင့် ဂနိုင်ကန်လမ်း လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာ(၃)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဂနိုင်ကန်သာယာတောင်ဘက်ခြမ်းရှိ ခြံစည်းရိုးကာရံပြီးစီးမှုအခြေအနေနှင့် ကန်ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။