ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရွေးခံမည့်လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဌာနဆိုင်ရာများပါဝင် ဆန္ဒမဲပေးလျက်ရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ၂၀၂၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၈)အုပ်စု တွင် မဲရုံ (၄၀ )ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၆၆၂၄) ဦး ရှိရာ ယနေ့ နံနက် ၆ နာရီမှ စတင်၍မဲရုံအသီးသီးတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်းတွေ့ ရှိရသည်။