ကွန်ဟိန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့ဝင်များ၊ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြလွင်နှင့်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံနှင့် မဲပေးစက်များ ခင်းကျင်းထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့ရှိ မဲရုံ(၅)တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းရှာဖွေရာတွင် လွယ်ကူလျင်မြန်စွာ ကူညီရှာဖွေနိုင်ရေးအတွက် Tablet နှင့် Loptop များ စီစဉ်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်းလျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု အခြေအနေများနှင့် အဆိုင်းတိုးမဲရုံများတွင် ထပ်မံခန့်အပ်မည့် မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်များ စိတ်ချမ်းမြေ့လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ကာလိမြို့တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၁၄)အုပ်စု၊ ကျေးရွာပေါင်း(၁၃၈)ရွာ၊ မဲရုံ(၄၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၅၂၂၁)ဦးခန့်ရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၂)ဦး၊ ပြည့်သူလွှတ်တော် ကိုယ်စားလှယ်လောင်း (၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း(၇)ဦး၊ အင်းသားတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦး၊ လီဆူးတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၂)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခွန်ရဲထွေး