ရှမ်းပြည်နယ်အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ လဲချားမြို့နယ် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြည့်ရှုစစ်ဆေး

လဲချား ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဇန်နဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် လဲချားမြို့နယ်၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ မဲရုံများကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ  မဲစာရင်းတွင်ပါရှိသော မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုတင်အသိပေးဆော်ဩမှုများ လုပ်ဆောင်သွားရန်၊ မဲရုံဖွဲ့စည်းပြင်ဆင်မှုများအား စနစ်တကျဆောင်ရွက်သွားရန်၊ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဖြင့် မြန်ဆန်စွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ထားရှိရန်၊ မဲရုံလုံခြုံရေး၊   မဲရုံပရဝုဏ်သတ်မှတ်ပြင်ဆင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)