မိုးနဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ် စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။