သံတွဲမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သံတွဲ မတ် ၂၇

 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က ဒွါရာဝတီမြို့ မဈေးနှင့် ဆိုက်ကားဂိတ်၊ ကားဂိတ်တို့တွင်အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် များ၊ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ ကဗျာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်ပုဒ်များ စသည်တို့ပါဝင်ကြောင်း သိရသည်။

မေမွန်ထွဋ်(ဒုတိယဦးစီးမှူး)