ပေါက်တောမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပေါက်တော  မတ်   ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လူစည်ကားသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ မတ် ၂၇ ရက် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်း အရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ စိုးမိုး(ပုသိမ်) ရေးသားသည့် နွေအလှကဗျာ စသည့် သိကောင်းစရာများ ပါဝင်ပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)က အခမဲ့ ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)