ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး နွေရာသီအားလပ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။