မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းတွင် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြောက်ဦးမြို့ သာသနာ့လင်္ကာရစာသင်တိုက်ဆရာတော် (ဂန္ထဝါစက) ဘဒ္ဒန္တကေသရထံ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။