အမ်း စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ ပညာ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်း မြို့နယ်လက်ထောက်ပညာရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်း အုပ်ဆရာကြီးဦးဝင်းနိုင်စိုး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် လူငယ်ဘဝမှပင်ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစား သင်ယူကြစေလိုကြောင်း လူငယ်စကားဝိုင်းမှရရှိသော အသိပညာဗဟုသုတများကို လေ့လာ မှတ်သားကြပြီးလိုက် နာကျင့်သုံးကြစေလိုကြောင်းအချိန်ကို အကျိုးရှိရှိအသုံးချကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသားကျောင်းသူများအား လူငယ်တွေအောင်မြင်ရေး နည်းလမ်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တတိယအချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ်မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်းအထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေ ပညာတတ်မြောက်မှုမြင့်မားမှသာ တိုင်းပြည် ၏ အနာဂတ်ကဖွံ့ဖြိုးသာယာမှာဖြစ်ကြောင်းနှင့်ပညာဖြင့်လူမှုဘဝကျေးလက်ဘဝ မြှင့်တင်ခြင်းအ ကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာအနာဂတ် တိုင်းပြည်တာဝန်များကိုပခုံးပြောင်း ထမ်းရွက်ကြမည့် ကျောင်းသားကျောင်းသူ လူငယ်များ၊ မိမိဒေသမှာ ခေါင်းဆောင် တာဝန်ယူကြမည့် လူငယ်များ အသိပညာဗဟုသု တတိုးပွားစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေး နွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ် ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါ ပြောရဲဆိုရဲသည့်သတ္တိ ရှိလာစေပြီးပြောတတ်ဆိုတတ် စေရန်နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်အမှတ်(၁)အထက Grade-11မှ မခင်ပပလှိုင်က ဦးဆောင် ဆွေးနွေးသူ(Moderator)အဖြစ်ပါဝင်ဆောင်ရွက်ကာ လူငယ်၊ အားကစားနှင့် ကျန်းမာရေးအကြောင်းအရာများကိုလည်းကောင်း Grade-11ကျောင်းသားမောင်သိန်းထိုက် စံ ကလူငယ်နှင့် ဗလငါးတန်၊ Grade-10 ကျောင်းသူမသင်္ဂီကိုက လူငယ်နှင့်မူးယစ်ဆေး၊ Grade-10ကျောင်းသူ မခင်ငြိမ်းငြိမ်းသူ ကလူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသား မောင်ကောင်းခန့်ဇော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ အားမေးမြန်းကြရာ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေး အပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပ ပျောက်ရေး၊လူကုန်ကူးမှုတားဆီးကာ
ကွယ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြသထားမှုများတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့ လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိ ပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)