ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ်စတုဒိသာ ကျွေးမွေးလှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်များစုပေါင်း၍ ရခိုင်ရိုးရာအစဉ်အလာမပျက် သီတင်းကျွတ်ကာလ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ်စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၆)နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် ပြုလုပ်ခဲ့သည်။

မအီမြို့တွင် ဝါတွင်းကာလဆွမ်းသိမ်းပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ(၃)လပတ်လုံး ဥပုသ်နေ့တိုင်း၌ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းမှ သံဃာတော်အပါး(၇၆)ပါးတို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ဆွမ်းသိမ်းပွဲ အခမ်းအနားကို မအီမြို့၊ ဆွမ်းလောင်းအသင်းလူငယ်များက ဦးစီးဆောင်ရွက်၍ အဆိုပါ ဆွမ်းလောင်းအသင်းတည်ရှိရာ မအီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ကျေးတော(ရွာမ) ၌ ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်သည်။

သံတွဲမြို့၌ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်

သံတွဲခရိုင်၊ သံတွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် ခြံပြင် ကျေးရွာအုပ်စုအတွင်း စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကို ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရပ်သား ပြည်သူများက ယနေ့နံနက်ပိုင်းက အုပ်စုများခွဲ၍ ကညင်တောရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ခရိုင်/မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လိုက်လံကြည့်ရှုအားပေးသည်။

တောင်ကုတ်မြို့နယ်၌ တိရိစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် တိရိစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မီးချောင်းထိုးကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အမ်းမြို့‌၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူးဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များအားနိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က (၃၇၄)တပ်ရင်း အစည်းအဝေးခန်းမတွင် အခြေပြု၍ အသက်(၁၀)နှစ်အထက် နိုင်ငံသားကဒ်ပြားရှိသူများအား ကောက်ယူ လျက်ရှိသည်။

ဂွမြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် ၊ ဂွမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကင်းရုံးရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။
Subscribe to ရခိုင်ပြည်နယ်