အမ်း နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူးဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များအားနိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က (၃၇၄)တပ်ရင်း အစည်းအဝေးခန်းမတွင် အခြေပြု၍ အသက်(၁၀)နှစ်အထက် နိုင်ငံသားကဒ်ပြားရှိသူများအား ကောက်ယူ လျက်ရှိသည်။
အမ်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို အမ်းတပ်နယ်အတွင်းရှိ ၃၇၄ တပ်ရင်း တပ်ဖွဲ့များမှ မိသားစုဝင်များအား ရုံးဖွင့်ရက်များတွင် အစုအဖွဲ့စုဖွဲ့ကာ အစုအဖွဲ့အလိုက် နေ့စဥ်နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ကောက်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)