တောင်ကုတ် နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် တိရိစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မီးချောင်းထိုးကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးက အမှာစကား ပြောကြားပြီး နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မိုးမင်းက တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည် များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိရစ္ဆာန်ကောင်ရေ စာရင်းကို စတင်ကောက်ယူရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ဌာနဆိုင်ရာများက ကြည့်ရှုခဲ့ကြသည်။ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု (၃၀) ၊ ကျေးရွာ (၄၁) ရွာအတွင်းရှိ တိရစ္ဆာန်ကောင်ရေ စာရင်းများကို နိုဝင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာ လ (၃၁) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)