သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲများပြုလုပ်
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ် စာစောင် ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။