မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်မရောမြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ​ခြေခံပညာမူလတန်းလွန်ကျောင်း (ကလိုင်းကနိုင်)၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုနယ်မြေ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆောင်တွင်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေရရှိရေးကို ဆောင်ရွက်ပြီးဖြစ်သလို လျှပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းထွက် ကုန်ကြမ်းများကိုအသုံးပြုပြီး ပြည်ပသွင်းကုန်များအစားထိုး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဘီးလင်းမြို့၊ အ.ထ.က(ခွဲ)နှင်းပုလဲကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း က အ.ထ.က(ခွဲ)နှင်းပုလဲကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

မော်လမြိုင်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌  ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့်  စာအောင်သံဃာတော်များ ဂုဏ်ပြု ပူဇော်သော  စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် ၂၀၂၄ခုနှစ်၊စာအောင်သံဃာတော်များအား   ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက၊ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့ရာ  မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တစ‌န္ဒောဘာသ နှင့်ပင့်ဖိတ်ဆရာတော်ကြီးများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ စာအောင်သံဃာတော်များနှင့် စာအောင် သီလရှင်များ၊ဌာနဆိုင်ရာများ၊စေတနာရှင်ပြည်သူများတက်ရောက်ခဲ့ကြသည်။

ရေးမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၄ ခုနှစ်၊ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကျိူက်ဒေတမော့ဗရတ်ကျောင်းတိုက်၌ ကျင်းပသည်။

သထုံမြို့နယ်၌ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲများ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြုကလေးအထူးတရားပွဲကို ယမန်နေ့က ချောင်းဆုံမြို့နယ်(အ.ထ.က) ကမာကေး၊ (အ.ထ.က-ခွဲ) ကွမ်လှာ၊ (အ.ထ.က-ခွဲ) ခရိုက်ဒူးကျောင်းတို့တွင် ကျင်းပသည်။

မော်လမြိုင်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင်  မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃၈) မူးယစ်တပ်ဖွဲ့စုနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍  မူးယစ်ဆေးဝါးတာဆီးကာကွယ် ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဘင်လှိုင်ရပ်ကွက်၊ ဝါးတောအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်‌ပေးခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်