မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းမှ ဆန်စပါးထုတ်ကုန်များ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ သူနာပြုနှင့်သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ သူနာပြုသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများမှ ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သင်တန်းသား၊ သင်တန်းသူများ၏ ကြိုးစားလေ့လာမှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်ခိုင်မာမှု၊ တတ်မြောက်ကျွမ်းကျင်မှုတို့၏ အောင်မြင်မှုရလဒ်ကို အထူးဂုဏ်ပြုခြင်းအားဖြင့် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပေးမှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်မှာ ဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြည်သူ့အကျိုးပြုကျန်းမာရေး ဝန်ထမ်းကောင်းများဖြစ်အောင်၊ စံပြသူနာပြု၊ သားဖွားဆရာမကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ပြည်သူအပေါ် သစ္စာရှိမှုတို့ကို အမြဲထိန်းသိမ်းပြီး ပြည်သူများ၏ ယုံကြည်အားထားမှုကို ရရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

သထုံခရိုင်၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ပေါင်မြို့နယ်၌ ခရိုင်အဆင့်မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံခရိုင်အတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်‌ခြေနီအသင်းအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သ‌င်္ဘောဆိပ်ဟောင်း၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်(၂၉)ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား QR Code စနစ်ဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ အား QR Code စနစ်ဖြင့် ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများက ရွှေမင်းသား စက်သုံးဆီအရောင်းဆိုင်၊ KM Power စက်သုံးဆီအရောင်းဆိုင်နှင့် ဓူဝံကြယ်  စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

သထုံမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါင်) ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမှ မြို့နယ်ဦးစီးမှူး ဦးဌေးအောင်ကျော်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ကြည့်ရှုခဲ့သည်။

မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း မွန် (ဇုံ) မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့် စက်သုံးဆီ‌ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့် စက်သုံးဆီ‌ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘီးလင်းမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်အခမ်းအနားကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်တုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘီးလင်းမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်