မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ်ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်‌ရောက်ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရန် လျာထားချက်၏ (၉၅)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ(၂၆)ရက်နေ့အထိ မိုးစပါး (၆၂၀၃၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၉၅,၀၈)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ယနေ့ နံနက် ၇ နာရီက မြို့မဈေးဝင်းအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။   

ဘီးလင်းမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်သို့ ရေကျော်မှုကြောင့်မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထား

မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃) သောင်းကျော် ထုတ်ချေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့အထိ ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ တောင်သူ (၂၉၀၈) ဦး၏ စိုက်ဧက (၂၀၄၂၄) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃၀၆၃၆) သိန်းကို ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊   ဘီးလင်းမြို့နယ်၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းနေရာများ၌ နေထိုင်သူများအား ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲနှင့် မွန်စာပေပြဋ္ဌာန်းစာအုပ်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲအခမ်းအနားကို ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်