မွန်ပြည်နယ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နေ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် မော်လမြိုင်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသောမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက်ဆန္ဒမဲ လာရောက်မဲပေးကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲပေးသူများပြား

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအတွင်း မဲရုံများတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ထားရှိမှု အခြေအနေများကို ယနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ မဲရုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံအပတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင်  အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားတွင် စုပေါင်းလမ်းလျှောက်ခြင်းဖြစ်ရာ ဒီဇင်ဘာလူထု အားကစားလ နောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများက စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှစတင်၍ ကမ်းနားလမ်းတစ်လျှောက် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ သည်။

ကျိုက်ထိုမြို့နယ်၌ MEVM မဲပေးစက်များနှင့်မဲရုံသုံးပစ္စည်း များ စနစ်တကျဖြန့်ဝေပို့ဆောင်ပေး

မွန်ပြည်နယ်၊ ကျိုက်ထို‌မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့‌ဆောင်ပေးခဲ့ကြသည်။

သထုံမြို့နယ်၌ ကောက်ရိုးထုံးကိရိယာ (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် မိုးစပါးရိတ်သိမ်းချိန်ကာလ ကောက်ရိုးထုံးကိရိယာ (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်က မြေနီကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

မော်လမြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၆ နာရီက စတင်၍ ပြည်နယ်လွှတ်တော်ရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် အလှူတော်အစုစု ရေစက်ချမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့ ရွှေမြိုင်ခန်းမတွင် နိုင်ငံပြင်ပရောက်ရှိနေသူများ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၂(က)အရ ကော်မရှင်က ပေးပို့သည့် နိုင်ငံပြင်ပရောက်ရှိနေသူများ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

မော်လမြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၆ နာရီကစတင်၍ ပြည်နယ်လွှတ်တော်ရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်