ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် မေ ၃၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးက သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တရားမဝင်သစ်လျော့နည်းပပြောက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်းဟောပြောဆွေးနွေးပြီး တက်‌ရောက်လာသည့်‌ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)