ဟားခါးမြို့၌ ဒေသဘာသာဖြင့်ထုတ်ဝေသော ၂၀၂၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ကြည့်ရှုအားပေး
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဒေသဘာသာစကားဖြင့် ပြန်ဆိုထားသည့် မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကိမ်ပိန်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့များတွင် ဆောင်ရွက်ကြသည်။