ချင်းပြည်နယ်

ဟားခါးမြို့နယ်၌ ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးသူ (၁၂)ဦးရှိပြီဖြစ်

ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးသူ ၁၂ ဦးအထိရှိလာကြောင်း သိရသည်။

ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ် အ​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းကို အပတ်စဉ် (၃)ခုခွဲ၍ ဖွင့်လှစ် ပို့ချပေးသွားမည်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်း အပတ်စဉ်(၃)ခုခွဲ၍ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျီခါးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ကန်ပက်လက်၌ ၂၀၂၀ ပြည့်နှစ် အ​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းဖွင့်လှစ်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

ရေဇွာ၌ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ဝင်စစ်ဆေးဂိတ်များ စနစ်တကျ ပြန်လည်တည်ဆောက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ် များကို ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခုအခါ မိုးဒဏ်လေဒဏ်ကြောင့် ဂိတ်ဖွင့်လှစ်ရန် ဆောက်လုပ်ခဲ့သော အဆောက်အဦများ လုံခြုံမှုမရှိသောကြောင့် အသစ်ပြန်လည် တည်ဆောက်ခြင်းကို ယမနနေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေဇွာမြို့ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး စနစ်တကျစီမံ ဆောင်ရွက်

ချင်းပြည်နယ်၊ ရေဇွာမြို့မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာလာရောက် ထုတ်ယူသူ များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျစီမံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Online Physical Fitness Dance အား တတိယအကြိမ် ထုတ်လွှင့်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online Physical Fitness Dance အကအား ယမန်နေ့ နံနက်ပိုင်းက တတိယအကြိမ်မြောက် ထုတ်လွှင့်ပေးကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များရောက်ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။၁

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသပေး

ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိနိုင်ရေး လေ့လာနိုင်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြသပေးထားကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်