ချင်းပြည်နယ်

ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့်တပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ

ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့် တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွမ်မောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

ထန်တလန်မြို့တွင် စားသောက်ဆိုင်များ၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ညွှန်ကြားချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ဖွင့်လှစ်လျက်ရှိသော စားသောက်ဆိုင်၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေး အမှုဆောင် ဦးဗန်ဇအုပ် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်က ရှောင်တခင် လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခု၌ မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိကြောင်း သိရသည်။

ဟားခါးမြို့အတွင်းရှိ မြို့မစည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့် အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အတွင်းရှိ မြို့မ စည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထန်တလန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်များအား သင်တန်းပို့ချ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့် မြို့နယ်ခန်းမတို့တွင် အသီးသီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် Case-30723 ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ Case- 30723 သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ၏ ခွင့်ပြုချက်ဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီက ဆေးရုံမှဆင်းခွင့်ပြုပြီး နေအိမ်တွင် Home Quarantine ဖြင့် (၇) ရက်ဆက်လက် နေထိုင်မည်ဖြစ်သည်။

မင်းတပ်မြို့၌ မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသူ(၂) ဦးရှိ

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ (၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မတူပီမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်မည်

မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အောက်တိုဘာလ(၂၅)ရက်နှင့် (၂၈)ရက်ထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၅ သိန်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်