ချင်းပြည်နယ်

တီးတိန်၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်သူ (၄)ဦး အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်သူ (၄)ဦးအား ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်ပေးသည်။

မင်းတပ်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မင်းတပ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မင်းတပ်ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း(ချင်းပြည်နယ်တာဝန်ခံ)က ဟားခါးမြို့ပေါ် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း(ချင်းပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။

ထန်တလန်မြို့နယ်တွင် အသက် ၆၀ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ခံခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဲရုံများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးကြ မည့် ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲ ကော်မရှင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရေဇွာမြို့ ကျန်းမာရေး ဆရာ၊မများက သက်ဆိုင်ရာမဲရုံအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် Facility Quarantine ဝင်ရောက်နေသူအားကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အတွင်း Facility Quarantine ဝင်ရောက်နေသူအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီအထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကြိုတင်ဆန္ဒမဲ သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခိုင်ကမ်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီစနစ်တကျပြင်ဆင်ထားရှိမှု အခြေအနေများကိုယနေ့ နံနက်ပိုင်းတွင် စတင်၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့်များထောက်ပံ့

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအွန်းခန့်ကပ် တီးတိန်၌ ရွေးကောက်ပွဲမဲရုံများ ကြိုတင်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများ ကြိုတင်ပြင်ဆင်မှုများကို ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအွန်းခန့်ကပ်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ယနေ့နံနက် ၈ နာရီတွင် ကြည့်ရှု စစ်ဆေးသည်။

ရေဇွာမြို့ရှိ မဲရုံ (၃) ရုံတွင် သတင်းသမားများနှင့် မဲဆွယ်စည်းရုံးသူများအတွက် သတ်မှတ်နယ်မြေများ စိုက်ထူ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့တွင် မဲရုံ(၃)ရုံ ဖွင့်လှစ်ဆောင်ရွက်ထားပြီး အဆိုပါမဲရုံ (၃) ရုံ၌ ယနေ့နံနက်ပိုင်းက စတင်ပြီး သတင်းမီဒီယာများ၊ မဲဆွယ်စည်းရုံးသူများအတွက် ကန့်သတ် နယ်မြေများ သိသာထင်ရှားစေရန် ပေကြိုးများတိုင်းတာပြီး သတ်မှတ်နယ်မြေများ စိုက်ထူ ခဲ့ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်