ဟားခါး၌ ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေး ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်း ပပျောက်စေရေးရည်ရွယ်၍ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်းMask များ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။