ချင်းပြည်နယ်

ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ လှည့်လည်ကြေညာ

ပလက်ဝမြို့တွင် လက်ရှိဖြစ်ပွာနေသော ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာချက် များကို ယမန်နေ့က မြို့တွင်း၌ ကားဖြင့် လှည့်လည်ကြေညာခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ စမ်းသပ်စိုက်ပျိုးရာ အပင်ထွက်ရှိလာမှု အခြေအနေများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ သီးမစ်လွင်ပြင်တွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိလာမှုများအား နိုဝင်ဘာ ၂၂ ရက်နေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်း သိရှိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေးစီမံချက် (Mask Campaign ) ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၅ ဦးကို Test Kit ဖြင့်စစ်ဆေးရာ ကလေးမြို့မှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများပို့ဆောင်မောင်းနှင်မည့် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက်၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုကြောင်းသိရသည်။

အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကွင်းကောက် (အ-ထ-က) Community Based Facility Quaratine Centre သို့ကျန်းမာရေး အ‌ထောက်အကူပြု ပစ္စည်းများပေး‌ ထောက်ပံ့ပေးအပ်

အင်္ဂပူမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကွင်း‌ကောက် အ-ထ-က (Community Based Facility Quaratine Centre )သို့ကျန်းမာရေးအ‌ထောက်အကူပြုပစ္စည်း များကိုယမန်နေ့နံနက် ၁၀နာရီက ပေးအပ်‌ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆို‌င်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၁ဝ နာရီမှ ကွင်းဆင်း စစ်ဆေးသည်။

ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် ၂ ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းဇန် ကျေးရွာတွင် ကိုးရီးယား သမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုဌာန Climate Change Center (CCC) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သော ဆွောင်းဇန်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆမီးမြို့တွင် ရေ(၃၀၀)လီတာဆံ့ရေတိုင်ကီ Hand Speaker နှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speakerနှင့် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Subscribe to ချင်းပြည်နယ်