အင်္ဂပူ နိုဝင်ဘာ၂၃
အင်္ဂပူမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကွင်းကောက် အ-ထ-က (Community Based Facility Quaratine Centre )သို့ကျန်းမာရေးအထောက်အကူပြုပစ္စည်း များကိုယမန်နေ့နံနက် ၁၀နာရီက ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ထောက်ပံ့ခြင်းကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေး ကော်မတီဥက္ကဌဦးရဲရင့်လှိုင် မှကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း(၁၂၅၀)ခု၊ Hand Gel(၈)ဗူး၊မျက်နှာကာဗာပေး(၁၀၀)ခု၊N-95(၂၀)ခု၊ သာမိုမီတာ(၂)ခုစသည် တို့ကိုပေးအပ်ရာ (Community Based Facility Quaratine Centre )မှတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်စိုးနှင့်တာဝန်ရှိသူများက ကွင်းကောက်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ကို ပေါင်းစပ်ဖြည့် ဆည်းပေးခဲ့ ကြောင်းသိရသည်။
အင်္ဂပူမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်တားဆီးနိုင်ရေးအတွက်Facility Quarantine Center (၁၂)ခုတွင်ကျား၊ မစုစုပေါင်း(၅၁၀)ဦးထားရှိကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ပိုးတွေ့လူနာ(၂၈)ဦးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ(၁၈)ဦး ရှိကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)