ချင်းပြည်နယ်

ထန်တလန်မြို့၌ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူး‌ပေါင်း အဖွဲ့က ယနေ့နံနက် ၉ နာရီက နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဇွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသုံပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား လိုင်လင်းပီအခြေစိုက် (Health and Hope Myanmar) အဖွဲ့မှ လာရောက်လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် Dr.Sa Sa ဦးဆောင်သော (Health and Hope Myanmar) အဖွဲ့မှ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း အမျိုးအစား(၇)မျိုးကို ရေဇွာမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ နိုဝင်ဘာလ(၁၅)ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ အဆိုပါပစ္စည်းများကို မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ယမန်နေ့က ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝိတိုရိယတောင်တက်လမ်းအသစ် ရှာဖွေပြီးစီးသဖြင့် DMO အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အတူ ဘတ်ဂျက် တင်ပြတောင်းခံခြင်းများ ပြုလုပ်သွားမည်

ချင်းပြည်နယ်အတွင်း အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ၏ စိတ်ဝင် စားမှု အပြည့်အဝရရှိထားသည့် ဝိတိုရိယတောင်(နတ်မတောင်) တောင်တက်လမ်းအသစ် ထပ်မံရှာဖွေ ပြီးစီးခဲ့ပြီးနောက် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အတူ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဘတ်ဂျက်တောင်းခံခြင်းများ ပြုလုပ်သွားမည်ဟု ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DMO အစည်းအဝေး အရ သိရပါသည်။

မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ​ပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မတူပီမြို့စည်ပင်စျေးနှင့် စန်ဘောင်လမ်းဆုံတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ Case-66020 မှာ (၂)ကြိမ် ဆက်တိုက်ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-66020 အမျိုးသမီး (အသက်-၆၂ နှစ်)အား ဟားခါးမြို့တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲ စစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိ ရတော့သဖြင့် နိုဝင်ဘာလ ၂၃ရက်နေ့ကဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီမြို့တွင် ရေ(၃၀၀)လီတာဆံ့ရေတိုင်ကီ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ပြုလုပ်ခဲ့ကြသည်။

ကန်ပက်လက်မြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်လက်မှတ်ထုတ်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် စတင်တည်ဆောက်သွားမည်

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးနှင့် ပတ်ဝန်းကျင် သာယာလှပရေး ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (ခန့်မှန်း)တွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

လိုင်လင်းပီ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားရာ မြို့နယ်များမှ လာရောက်သူများအနေဖြင့် ကိုဗစ်-၁၉ Test Kit ဖြင့် (၇၂)နာရီ အတွင်း စစ်ဆေးထားသည့် မှတ်တမ်းပြနိုင်မှသာ မြို့တွင်းဝင်ခွင့်ပြုမည်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြသည်။

မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ နေထိုင်သူနှစ်ဦး အိမ်ပြန်ခွင့်ရ

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၁)နှင့်(၂)တို့၌ Facility Quarantine နေထိုင်သူနှစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီတွင် အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့သည်။
Subscribe to ချင်းပြည်နယ်